နည်းပညာဆိုင်ရာဆွေးနွေးပွဲတွင် ကျွမ်းကျင်သူအမျိုးသမီးများ စကားပြောသူအဖြစ်ပါဝင်မှု ပိုမြင့်မားလာစေရန် နှင့် အမျိုးသမီးစကားပြောသူများရင်ဆိုင်ရတတ်သည့် စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန် Speak Her က ရည်ရွယ်ပါသည်။ အမျိုးသမီးစကားပြောသူများကို နည်းပညာဆွေးနွေးပွဲများတွင် ပါဝင်လာနိုင်စေရန် စိတ်ပါဝင်စားသူမည်သူမဆို Speak Her နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် နွေးထွေးစွာဖိတ်ခေါ်ပါသည်။
Speak Her Project ပါအချက်အလက်များကို အမျိုးသမီး Speaker များကိုမိတ်ဆက်ပေးခြင်းမှလွဲ၍ အခြားရည်ရွယ်ချက်များအတွက်အသုံးမပြုရန် မေတ္တာရပ်ခံပါသည်။ ပုဂ္ဂိုလ်ရေးအနှောင့်အယှက်ပေးရန် အချက်အလက်များအသုံးပြုခြင်းကို တင်းကြပ်စွာတားမြစ်ထားကြောင်းအသိပေးပြောကြားလိုပါသည်။ အမျိုးသမီးစကားပြောသူများအတွက် လုံခြုံသောအသိုက်အဝန်းတခု ဖြစ်စေရန်မှာ Speak Her Project အတွက် အရေးကြီးဆုံးဖြစ်ပါသည်။ နားလည်မှုနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်မှုများအတွက်ကျေးဇူးတင်ပါကြောင်း ထပ်မံပြောကြားလိုပါသည်။
"အမျိုးသမီးစကားပြောသူ စာရင်းတွင်မပါဝင်လိုတော့ပါက Spaker Her Project တာဝန်ရှိသူများထံ ဆက်သွယ်နိုင်ပါသည်။"